Friday, July 8, 2011

အဖဘုရားရဲ့ပန်းထိုးပညာ

ကျွန်တော်ငယ်ငယ်တုန်းကပေါ့… ကျွန်တော့်အမေက အ၀တ်အစားပန်းထိုးပညာသည် တစ်ယောက်ပေါ့… အမေက ခုံပေါ်ထိုင်ပြီးအင်္ကျီပေါ်မှာပန်းထိုးနေတုန်းမှာ ကျွန်တော်ကအမေ့ရဲ့  ခြေရင်းမှာထိုင်ပြီး အမေတစ်ယောက်ဘာများလုပ်နေလဲဆိုတာကို မေးမိတယ်… အမေက သူပန်းထိုးနေတယ်လို့ ကျွန်တော့ကို ပြန်ဖြေတာပေါ့.. ပန်းထိုးတဲ့ အခါအမေသုံးတဲ့  ကြိမ်ခွေဝိုင်းအောက်ကနေ အမေရဲ့ ပန်းထိုးလက်ရာကို ကြည့်ပြီး ချည်တွေကရှုပ်ရှက်ခပ်နေတာဘဲလို့ အမေ့ကိုပြန်ပြီး စောဒကတက်မိတယ်…
အမေကတော့ကျွန်တော့ကိုပြုံးပြပြီး သားရယ် ဟိုမှာခဏသွားကစားပါ.. အမေပန်းထိုးပြီးမှ အမေ့ပေါ်မှာ ထိုင်ပြီးအမေ့ရဲ့ လက်ရာကိုလာကြည့်ပေါ့ တဲ့ လေ…
အရောင်တောက်ပပြီးလှပတဲ့ ချည်တွေနဲ့ အတူ မှောင်မည်းတဲ့ အမည်းရောင်ချည်ကို အမေဘာလို့ ရောပြီး သုံးရတာလဲလို့ ကျွန်တော်စဉ်းစားမိတယ်.. အဲဒီချည်မည်းမည်းကြီးတွေက အမြင်ကိုရှုပ်ထွေးစေတာဘဲလို့  ကျွန်တော်ထင်လို့ ပါဘဲ… အချိန်ခဏကြာတော့ အမေကကျွန်တော့ကိုလှမ်းခေါ်လိုက်တယ်… သားရေအမေ့ အပေါ်မှာလာထိုင်ပါဦးတဲ့.. ကျွန်တော်လည်းအမေ့အပေါ်ကနေထိုင်ပြီး အမေ့ရဲ့ ပန်းထိုးတဲ့ လက်ရာကို ကြည့်မိတဲ့ အခါမှာတော့ အရမ်းကိုအံ့သြသွားမိတယ်.. အရမ်းကိုလှပတဲ့ ပန်းပွင့်နဲ့ နေ၀င်နေတဲ့ ပုံလေးပေါ့.. မယုံနိုင်လောက်အောင်ပါဘဲ ကျွန်တော်အောက်ကလှမ်းကြည့်တဲ့ ရှုပ်ထွေးနေတဲ့ပုံစံမျိုးလုံးဝ မဟုတ်ဘူးလေ…
(ကျွန်မတို့ ဘ၀မှာလည်း အကြိမ်ပေါင်းများစွာ ကောင်းကင်ဘုံရှိအဖကိုမော်ကြည့်ပြီး အဖ ဘာတွေများလုပ်နေတာလဲလို့ စောဒကတက်မိကြပါတယ်.. အဲဒီအခါမှာ အဖဘုရားက ငါမင်းဘ၀အတွက် ပန်းထိုးနေတာပါလို့ ပြန်ဖြေနေပါတယ်…ဒါပေမယ့် ကျွန်မတို့ အတွက်တော့ ရှုပ်ရှက်ခတ်နေတာဘဲလို့  ထင်စရာ ဖြစ်နေတတ်တယ်.. ချည်ကြိုးတွေကလဲ မည်းမှောင်နေတယ်လို့ ထင်မိတယ်… ဘာလို့ လှပ မနေတာလဲလို့  လည်းထင်မိတယ်… အဖဘုရားကတော့ သူ့ အလုပ်သူလုပ်နေတယ်..   ကျွန်မတို့  လုပ်စရာရှိတာကိုလည်း လုပ်ခိုင်းထားတယ်.. တစ်နေ့ မှာတော့ အဖဘုရားရဲ့ ရင်ခွင်တော်မှာ နေပြီး ကျွန်မတို့ အတွက်ပြင်ဆင်ထားတဲ့  သူ့ ရဲ့ အကြံစည်တွေကိုအပေါ်ဖက်က အမြင်နဲ့ ကြည့်တဲ့ အခါ အရမ်းလှပတဲ့ လက်ရာကိုမြင်တွေ့ ရမှာ ဖြစ်ပါတယ်…)

အမည်မသိ စာရေးသူရဲ့  God’s Embroidery ဆိုတဲ့ အကြောင်းအရာလေးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်…
ချစ်ခြင်းမေတ္တာဖြင့်
စနိုး…

No comments:

Post a Comment