Sunday, June 26, 2011

ဘုရားပေးတဲ့ ကော်ဖီတစ်ခွက်...

တစ်ခါတုန်းက လုပ်ငန်းခွင်အသီးသီးမှာ အောင်မြင်နေတဲ့
ကျောင်းသားကျောင်းသုဟောင်းတစ်စုဟာ သူတို့ ရဲ ကျောင်းတုန်းက
ပါမောက္ခကြီးဆီကို သွားလည်ဖို့  စုဝေးကြတယ်...ငယ်ဘ၀အကြောင်းကို
ပြောဆိုနေကြတဲ့ သူတို့ ရဲ့ စကားတွေက ရုတ်ချည်းဆိုသလို သူတို့ ရဲ
့လုပ်ငန်းခွင် နဲ့  ဘ၀မှာရင်ဆိုင်ရတဲ့ အခက်အခဲတွေဆီ ရောက်သွားတယ်.....

ပါမောက္ခကြီးဆီရောက်တော့ ပါမောက္ခကြီးက သူတို့ ကိုကော်ဖီနဲ့  ဧည့်ခံဖို့ 
လက်ဖက်ရည်ခွက်အမျိုးမျိုးကို ပြင်ဆင်ထားတာကိုတွေ့ လိုက်ရတယ်...ကြွေခွက်၊
ဖန်ခွက်၊ သလင်းခွက်၊ ပလတ်စတစ်ခွက်၊ တန်ဖိုးကြီးတဲ့ခွက်၊
ရှားပါးတဲ့ရှေးဟောင်းခွက်၊ ဈေးပေါတဲ့ခွက် တွေ အစုံအလင်နဲ့ အလယ်မှာတော့
ကော်ဖီအိုးကြီးကို ပြင်ဆင်ထားတာကိုတွေ့ ရတယ်...... ပြီးတဲ့နောက်မှာ
ပါမောက္ခကြီးက ကော်ဖီကို ကိုယ့်ဟာကို ယူသောက်ဖို့  သုတို့ ကိုပြောတယ်.....

အားလုံးကော်ဖီခွက်ကို ယူပြီးတဲ့နောက်မှာတော့ ပါမောက္ခကြီးက သူတို့ ကို
အခုလိုပြောလိုက်တယ်...

မင်းတို့ ကြည့်လိုက်... လှပပြီးတန်ဖိုးကြီးတဲ့ခွက်တွေကိုသာ မင်းတို
့သုံးပြီး တန်ဖိုးနည်းပြီး မလှပတဲ့ ခွက်တွေကိုတော့ မင်းတို့ မသုံးကြဘူး...
ဒီလို ကိုယ့်အတွက်အကောင်းဆုံးအရာတွေကိုသာ လိုချင်တာဟာ သဘာဝပါဘဲ....
ဒါပေမယ့် ဒီသဘာဝဟာ ကိုယ့်ကို ပူပင်ကြောင့်ကြမှုတွေ၊ ပြဿနာတွေကိုပေးတဲ့
အဓိကအကြောင်းအရာတွေဘဲ ဖြစ်တယ်....

တကယ်တော့ ဒီခွက်တွေဟာ ကော်ဖီကိုအရသာပိုရှိလာအောင် မလုပ်ပေးနိုင်ပါဘူး...
ပြီးတော့ ခွက်တစ်ချို့ က ကိုယ်သောက်နေတဲ့ ကော်ဖီထက် မလိုအပ်ဘဲ
တန်ဖိုးပိုကြီးနေပြီး ကိုယ်ဘာကိုသောက်နေလဲ ဆိုတာကိုတောင်
မမြင်နိုင်အောင်လည်းဖုံးကွယ်ထားတတ်တယ်.....

မင်းတို့ တကယ်လိုအပ်တာကကော်ဖီပါ.... ခွက်တစ်ခွက်မဟုတ်ဘူး... ဒါပေမယ့်
မင်းတို့ ရွေးလိုက်တာက ခွက်ဘဲ... ပြီးတော့ သူများဘာခွက်နဲ
့သောက်နေလည်းဆိုတာကို မင်းတို့ ကြည့်နေတယ်....

ကဲ.. စဉ်းစားကြည့်ရအောင်... တကယ်တော့ ဘ၀ဆိုတာ ကော်ဖီတစ်ခွက်ဘဲ...
လူမှုအသိုင်းအ၀ိုင်းထဲက သက်မှတ်ထားတဲ့ အလုပ်အကိုင်၊ ၀င်ငွေ၊
ရာထူးအဆင့်အတန်းတွေဆိုတာ ခွက်တွေပါဘဲ... ဒီအရာတွေဟာ ကော်ဖီနဲ့ တူတဲ့ ဘ၀ကို
တန်ဆာဆင်ပေးတဲ့ ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုဘဲဖြစ်တယ်......
ဒီအမျိုးမျိုးသောခွက်တွေဟာ ငါဒို့ ရဲ့ ကော်ဖီဆိုတဲ့ ဘ၀ကြီးကို
ပုံဖော်ပေးလို့ မရသလို ပြောင်းလဲသွားအောင်လည်း မလုပ်နိုင်ပါဘူး....

ဒါပေမယ့် ဒို့ တွေဟာ ခွက်တွေကိုဘဲ အာရုံပြုနေကြတယ်.... ဘုရားပေးတဲ့
ဘ၀ဆိုတဲ့ ကော်ဖီရဲ့ အရသာကို ခံစားဖို့ မေ့လျော့နေတတ်ကြတယ်...

ဘုရားကဒို့ အတွက် အရသာရှိတဲ့ကော်ဖီတွေကို ပြင်ဆင်ထားပေးတယ်......
ခွက်တွေမဟုတ်ဘူး..... ကဲ... ကိုယ့်ရဲ့ ကော်ဖီကို အရသာရှိရှိ
သောက်ကြရအောင်......

"The happiest people don't have the best of everything. They just make
the best of everything."

အပျော်ရွှင်ဆုံးသူတွေဆီမှာ အကောင်းဆုံးအရာတွေရှိမနေပါဘူး... အရာအားလုံးကို
အကောင်းဆုံး ဖန်တီးနေကြတာပါ.....

ဘ၀မှာ ရိုးရိုးလေးအသက်ရှင်၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင်၊
ဂရုတစ်စိုက် နဲ့  ညင်ညင်သာသာ ပြောဆိုဆက်ဆံပြီး ကျန်တာတွေကို
ဘုရားလက်ထဲအပ်နှံကြရအောင်...



God's Coffee ကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ..... ဖတ်ရတဲ့
သုငယ်ချင်းများအားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ...

with love,
Snow

No comments:

Post a Comment