ဖလော်ရီဒါပြည်နယ်ရဲ့ ပူပြင်းလှတဲ့ နွေရာသီနေ့ တစ်နေ့ မှာပေါ့…ကောင်လေးတစ်ယောက်ကသူတို့ ရဲ့ အိမ်နောက်ဖက်မှာရှိနေတဲ့ ရေကန်ထဲမှာရေကူးဖို့ ပြင်ဆင်နေခဲ့ တယ်… ဒီလို နဲ့ ရေသွားကူးဖို့ အတွက်ဖိနပ်ကိုချွတ်၊ ခြေအိပ်တွေကိုချွတ်၊ အင်္ကျီကိုချွတ်ပြီး အနောက်ဖက်တံခါးကနေပြေးထွက်သွားခဲ့ တယ်…ရေကန်ကြီးအနားကိုရောက်တော့ ရေထဲ ကိုတရှိန်ထိုးပြေးဆင်းသွားပြီးရေကန်အလယ်ဖက်ဆီကို ဦးတည်ပြီးရေကူးသွားလိုက်တယ်… ဒါပေမယ့် သူသတိမထားမိလိုက်တာက မိကျောင်းတစ်ကောင်ဟာ ကမ်းစပ်ဆီကို ဦးတည်ပြီးကူးခပ်လာနေတာဆိုတာကိုပါဘဲ….အိမ်ထဲမှာရှိနေတဲ့ ကောင်လေးရဲ့ အမေကပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့ အခါ ရေထဲမှာသူမရဲ့ သားနဲ့ မိကျောင်းကြီးဟာနီးသထက်နီးလာတာကိုအပေါ်ကနေဆီးမြင်လိုက်ရတယ်… အဲဒီအခါမှာကောင်လေးရဲ့  အမေဟာစိုးရိမ်တစ်ကြီးနဲ့ ရေကန်ကြီးဆီကိုပြေးသွားပြီးတော့ ကျယ်နိုင်သမျှကျယ်အောင် အော်လိုက်တယ်… ကောင်လေးဟာသူ့ အမေရဲ့ စိုးရိမ်တကြီးအော်သံကြောင့်သူ့ အမေရှိရာကိုပြန်လှည့်ပြီးရေကူးလာခဲ့ တယ်… ဒါပေမယ့် အရမ်းနောက်ကျသွားပါပြီ… သူ့ အမေဆီကိုရောက်တဲ့ အချိန်မှာ မိကျောင်းကြီးက သူ့ ကိုဆွဲနေပါပြီ…
မိကျောင်းကြီးကကောင်လေးရဲ့ ခြေထောက်ကို ဆတ်ခနဲ ဆွဲလိုက်သလိုဘဲ ကမ်းစပ်မှာရှိတဲ့ မိခင်ဟာလည်းဘဲ သူမသားရဲ့ လက်မောင်းကိုအတင်းကိုင်ဆွဲထားလိုက်တယ်… မိခင်နဲ့ မိကျောင်းကြီးရဲ့ မယုံနိုင်လောက်တဲ့  လွန်ဆွဲပြိုင်ပွဲကြီးကတော့စတင်နေပါပြီ… မိကျောင်းကြီးဟာကောင်လေးရဲ့ မိခင်ထက်ပိုပြီးသန်မာပေမယ့် မိခင်က ပြင်းပြလှတဲ့ ချစ်ခြင်း၊စိုးရိမ်ခြင်းတွေနဲ့  သူမသားရဲ့ လက်ကိုမလွတ်တမ်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်နေခဲ့ တယ်…အဲဒီအချိန်မှာဘဲ ရေကန်နားကကားလမ်းပေါ်မှာကားမောင်းလာတဲ့ လယ်သမားကြီးတစ်ယောက်ဟာ ကောင်လေးမိခင်ရဲ့ အော်ဟစ်သံကိုကြားပြီး ကားကိုရပ်ပြီး ကားပေါ်ကဆင်းလာတယ်… လယ်သမားကြီးက အသင့်ပါလာတဲ့ သေနတ်နဲ့  မိကျောင်းကြီးကိုချိန်ရွယ်ပြီး ပစ်လိုက်တယ်…
ဆေးရုံပေါ်မှာ ရက်သတ္တပတ်အတန်ကြာနေပြီးတဲ့နောက်မှာ ကောင်လေးဟာ အံ့သြစရာကောင်းလောက်အောင် အသက်မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်… ဒါပေမယ့် မိကျောင်းကြီးရဲ့ တိုက်ခိုက်မှုကြောင့် သူ့ ရဲ့ ခြေထောက်နှစ်ဖက်လုံးဟာ အပြင်းအထန်ဒဏ်ရာရခဲ့ တယ်… ခြေထောက်ကဒဏ်ရာလိုဘဲ သူ့ ရဲ့ လက်မောင်းမှာလည်းဘဲ ကုတ်ခြစ်မိတဲ့ ဒဏ်ရာအနာရွတ်ကြီးတစ်ခုရှိနေခဲ့ တယ်… အဲဒီဒဏ်ရာကတော့ သားကိုချစ်တဲ့ ဇောနဲ့  သားကိုကယ်ရန် သားရဲ့ လက်ကိုမလွတ်တမ်း ဆုပ်ကိုင်နေတုန်းမှာ မမျှော်လင့်ဘဲ သူမရဲ့ လက်သည်းဟာ သားရဲ့ လက်မောင်းထဲကိုစူးဝင်သွားခဲ့ လို့ ရခဲ့ တဲ့ ဒဏ်ရာဘဲဖြစ်ပါတယ်…
ဒီထိတ်လန့် စရာအဖြစ်အပျက်ကြီးဖြစ်သွားပြီးနောက်ပိုင်းမှာ သတင်းထောက်တစ်ယောက်ဟာ သူ့ ကိုလာရောက်မေးမြန်းခဲ့ တယ်… အဲဒီသတင်းထောက်ဟာ ရရှိခဲ့ တဲ့ ဒဏ်ရာကိုပြနိုင်မလားလို့ ကောင်လေးကိုမေးမြန်တဲ့ အခါမှာ ကောင်လေးက သူဝတ်ထားတဲ့ ဘောင်းဘီရှည်ခြေကို အသာမတင်ပြီး ပြလိုက်တယ်.. ပြီးတဲ့ အခါမှာတော့ ဂုဏ်ယူဝင့်ကြွားစွာနဲ့ သတင်းထောက်ကိုသူပြောလိုက်တာကတော့
ကျွန်တော့ရဲ့ လက်မောင်းကိုကြည့်ပါဦး.. ကျွန်တော့ရဲ့ လက်မောင်းမှာလည်းဒဏ်ရာကြီးတစ်ခုရှိနေတယ်.. ဒီဒဏ်ရာကတော့ အမေရဲ့ မလွတ်တမ်းဆုပ်ကိုင်မှုကြာင့်ရရှိခဲ့ တဲ့ ဒဏ်ရာပဲပေါ့… တဲ့ 
ကျွန်မတို့ တတွေ ဒီအကြောင်းအရာလေးမှာပါတဲ့ ကောင်လေးရဲ့ နေရာမှာ နေကြည့်ရအောင်… ကျွန်မတို့ ဆီမှာလည်းဒဏ်ရာအနာရွတ်တွေရှိနေပါတယ်… မိကျောင်းကိုက်လို့ ရတဲ့ ဒဏ်ရာတွောမဟုတ်ပါဘူး…. အတိတ်မှာခံစားခဲ့ ရတဲ့ နာကျင်စရာကောင်းတဲ့ အမာရွတ်တွေဘဲပေါ့… တစ်ချို့ ဒဏ်ရာတွေကတော့ အလွန်နောင်တရစရာဖြစ်စေခဲ့ တဲ့ အမာရွတ်နဲ့  တစ်ချို့ ကတော့ ဘုရားသခင်ရဲ့ ချစ်မေတ္တာနဲ့ ကျွန်မတို့ ကိုမလွတ်တမ်းဆုတ်ကိုင်ထားမှုကြောင့်ရရှိခဲ့ တဲ့ အမာရွတ်တွေပေါ့…ရုန်းကန်မှုတွေကြားမှာဘုရားသခင်က ကျွန်မတို့ ကိုမလွတ်တမ်းဆုတ်ကိုင်ထားပါတယ်… သမ္မာကျမ်းစာထဲမှာဘုရားသခင်ဟာကျွန်မတို့ ကိုချစ်တယ်၊ ကျွန်မတို့ တွေဟာသူ့ ရဲ့ သားသမီးတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်…ထာဝရဘုရားဟာကျွန်မတို့ ကို အကာအကွယ်ပေးသောဘုရား၊ လိုအပ်မှုကိုဖြည့်ဆည်းပေးသောဘုရားဖြစ်ပါတယ်… ဒါပေမယ့် ကျွန်မတို့ လူသားတွေဟာ တစ်ခါတစ်ရံခါ အန္တရယ်ရှိတဲ့အခြေအနေတွေမှာ ရူးသွပ်မိုက်မဲစွာ ကူးခပ်ပျော်ရွှင်နေတတ်ကြပါတယ်… ဘ၀ရေကန်ကြီးဟာစိမ်ခေါ်မှုတွေ၊ အန္တရယ်တွေနဲ့ ပြည့် နှက်နေပါတယ်… ပြီးတော့ ကျွန်မတို့ ကိုတိုင်ခိုက်ရန်စောင့်ဆိုင်းနေတဲ့ရန်သူရှိနေတယ်ဆိုတာကို ကျွန်မတို့ တွေဟာမေ့လျော့နေတတ်ပါတယ်…
လွန်ဆွဲပွဲစတင်နေပြီဆိုရင်တော့ သင့်လက်မောင်းပေါ်မှာ ဘုရားသခင်ရဲ့ မေတ္တာကြောင့်သင်အမာရွတ်ထင်ကျန်ရစ်ခဲ့ မယ်ဆိုရင် ဘုရားသခင်ကိုအလွန်ဘဲကျေးဇူးတင်လိုက်ပါ.. သူဟာသင့်ကိုမလွတ်တမ်းဆုတ်ကိုင်မယ့်သူတစ်ယောက်ဖြစ်နေလို့ ပါဘဲ…
အမည်မဖော်ပြထားတဲ့ စာရေးဆရာတစ်ယောက်ရဲ့  “Hold On”ဆိုတဲ့ အကြောင်းအရာလေးကိုဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါတယ်…
ချစ်ခြင်းမေတ္တာဖြင့်…
စနိုး
No comments:
Post a Comment