Monday, June 27, 2011

ခဲတံပုံပြင်

တစ်ခါတော့ ခဲတံပြုလုပ်တဲ့ သူတစ်ဦးဟာ ခဲတံတွေကို ဗူးထဲမထည့်ခင်မှာ ခဲတံတွေကိုယူလိုက်ပြီး ဒီလိုပြောတယ်.. မင်းတို့ အပြင်လောကကိုမသွားခင်မှာ မင်းတို့ သိသင့်သိထိုက်တဲ့ အချက် ငါးချက်ကိုငါပြောမယ်... မင်းတို့ မှတ်ထားကြ၊ ဘယ်တော့မှမမေ့နဲ့ .. ဒီလို ဆိုရင်မင်းတို့ ဟာ အကောင်းဆုံးသောခဲတံလေးတွေဖြစ်လာလိမ့်မယ်…
တစ်။ မင်းတို့ ဟာ တစ်စုံတစ်ယောက်သောသူရဲ့ လက်ထဲကိုရောက်တဲ့ အချိန်မှသာလျှင် အကောင်းဆုံး၊ အကြီးကျယ်ဆုံး အလုပ်တွေကိုလုပ်နိုင်လိမ့်မယ်…

နှစ်။ မင်းတို့ ကိုချွန်လိုက်တဲ့ အခါတိုင်းမှာ မင်းတို့ ဟာနာကျင်ခံစားရလိမ့်မယ်.. ဒါပေမယ့် ဒီလိုနာကျင်ခံစားရမှသာ မင်းတို့ ဟာ ပိုပြီးကောင်းမွန်ချွန်ထက်တဲ့ ခဲတံလေးတွေဖြစ်လာမယ်…
သုံး။ မင်းတို့ လုပ်မိမယ့် အမှားအတွက် မင်းတို့ မှာပြင်နိင်တဲ့ အစွမ်းရှိလိမ့်မယ် (မင်းတို့ နဲ့ အတူ ခဲဖျက်လေးရှိနေတယ်လေ)
လေး။ မင်းတို့ အတွက်အရေးအကြီးဆုံးအပိုင်းက အတွင်းထဲမှာရှိတဲ့ အရာဘဲ (ခဲသားက အတွင်းပိုင်းမှာရှိနေတယ်လေ)
ငါး။ မင်းတို့ ကိုရေးလိုက်တဲ့ ဘယ်မျက်နှာပြင်မျိုးမှာမဆို မင်းတို့ တွေဟာ အမှတ်အသားချခဲ့ ရမယ်.. ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် မင်းတို့ ဟာဆက်လက်ရေးနေရမယ်..
ခဲတံလေးတွေဟာ သူတို့ ကိုပြုလုပ်တဲ့ သူရဲ့ စကားကို နားလည်ပြီး ဘယ်တော့မှမမေ့ဖို့ ကတိပေးပြီးမှ သူတို့ ရဲ့  ရည်ရွယ်ချက်အပြည့်နဲ့ ဗူးလေးထဲကိုဝင်သွားကြသတဲ့ …..

အခုခဲတံလေးတွေရဲ့ နေရာမှာဝင်ပြီးခံစားကြည့်ရအောင်… အကောင်းဆုံးသောသူတွေဖြစ်လာဖို့  ဘယ်တော့မှမမေ့ဘဲ အမြဲမှတ်မိမှတ်သားထားကြရအောင်…
တစ်။ ဘုရားသခင်ရဲ့ လက်တော်ထဲကို မိမိကိုယ်ကို ပုံအပ်လိုက်တဲ့ အချိန်မှသာလျှင် ကျွန်မတို့ ဟာ အကောင်းဆုံး၊ အကြီးကျယ်ဆုံး အလုပ်တွေကိုလုပ်နိုင်လိမ့်မယ်…ပြီးတော့ ကျွန်မတို့ ပိုင်ဆိုင်တဲ့ ဆုကျေးဇူးတွေကို သူတပါးအကျိုးအတွကလည်းအသုံးပြုရမယ်…
နှစ်။ ကျွန်မတို့ တွေဟာအမျိုးမျိုးသောဒုက္ခပြဿနာတွေကိုရင်ဆိုင်တွေ့ ကြုံတဲ့ အခါ နာကျင်ခံစားမှုတွေကို ရှိမှာအမှန်ပါဘဲ.. ဒါပေမယ့် ဒီအရာတွေဟာကျွန်မတို့ ကို ပိုပြီးလည်းကြံ့ခိုင်လာစေမှာပါ….
သုံး။ ကျွန်မတို့ ပြုလုပ်မိနိုင်တဲ့ အမှားတွေကိုပြုပြင်နိုင်ရပါမယ်၊ ပြီးတဲ့ အခါဒီအမှားထဲကရုန်းထွက်ရပါမယ်.. ပြုမိခဲ့ တဲ့ အမှားတွေထဲမှလည်း သင်ခန်းစာယူပြီး ရှေ့ ကို အကောင်းဆုံးရင်ဆိုင် အသက်ရှင်နေထိုင်ဖို့ ဘဲလိုအပ်ပါတယ်…
လေး။ ကျွန်မတို့အတွက်အရေးအကြီးဆုံးအပိုင်းက အတွင်းထဲမှာရှိတဲ ကျွန်မတို့ ရဲ့ နှလုံးသားပါဘဲ…
ငါး။ ကျွန်မတို့ လျှောက်လှမ်းမှုတိုင်းမှာ ကျွန်မတို့ ဟာ အမှတ်အသားချခဲ့ ရမယ်.. ဘယ်အခြေအနေမျိုးမှာဘဲဖြစ်ဖြစ် အရာရာတိုင်းမှာ ကျေးဇူးတော်ချီးမွမ်းလျှက် အမှုတော်မြတ်အတွက် ဆက်လက်လျှောက်လှမ်းနေရပါမယ်…
ဒါတွေကိုမမေ့မလျှော့လဲ နှလုံးသားထဲမှာအမြဲအမှတ်ရနေပြီး ထာဝရဘုရားနှင့်မိတ်ဿဟာရပြုလျှက် ရည်ရွယ်ချက်ရှိရှိ အဓိပါယ်ရှိရှိ နေ့ စဉ်အသက်ရှင်နေထိုင်ကြရအောင်…

အမည်မသိစာရေးဆရာတစ်ယောင်၏ “Parable of Pencil” ကိုဆီလျော်စွာဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်.
ဖတ်မိခံစားသူ အယောက်စီတိုင်းကို ဘုရားသခင်ကောင်းချီးပေးပါစေ။

ချစ်ခြင်းမေတ္တာဖြင့်
စနိုး

1 comment:

  1. လွမ်းမိပါတယ်.......(aha)

    ReplyDelete