တစ်ခါတုန်းက သစ်တောတစ်ခုရဲ့ တောင်ကုန်းလေးတစ်ခုပေါ်မှာ
သစ်ပင်သုံးပင်ရှိတယ်.... သူတို့ ဟာ သူတို့ ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒနဲ
့အိမ်မက်တွေကိုပြောနေကြတယ်..... အဲဒီမှာ ပထမသစ်ပင်က သူဟာ တစ်နေ့ နေ့ မှာ
ရွှေငွေရတနာတွေထည့်ပြီး လှလှပပပြင်ဆင်ထားတဲ့  ရတနာသေတ္တာတစ်လုံးဖြစ်ချင်တယ်
လို့ ပြောတယ်....
ဒုတိယသစ်ပင်ကတော့ သူဟာ တစ်နေ့ နေ့ မှာ ရှင်ဘုရင်နဲ့ မိဖုရားကို
ဒီကမ္ဘာကြီးရဲ့  ရေပြင်သမုဒ္ဒရာထဲမှာ တင်ဆောင်နိုင်တဲ
့သင်္ဘောကြီးဖြစ်ချင်တယ်လို့ ပြောတယ်.... ဒီသင်္ဘောကြီးထဲမှာ ရှိတဲ့
လူတိုင်းဟာလည်း ခိုင်မှာလှတဲ့ သင်္ဘောကြီးရဲ့  ထုထည်ကြောင့်
လုံခြုံမှုအပြည့်ရှိနေရမယ် တဲ့......
နောက်ဆုံးတတိယသစ်ပင်ကတော့  သူဟာ ဒီသစ်တောထဲမှာ သူဟာ အမြင့်မားဆုံးနဲ
့အဖြောင့်တန်းဆုံးသစ်ပင်ဖြစ်ချင်တယ်တဲ့ .... လူတွေဟာ တောင်ထိပ်မှရှိနေတဲ့သူ
့ကို လှမ်းမြင်နေရပြီး သူ့ ရဲ့ အကိုင်းအခက်တွေကို မျှော်ကြည့်လိုက်တဲ့
အခါတိုင်းမှာ အော် ငါဟာ ကောင်းကင်နိုင်ငံ နဲ့  ဘုရားသခင်နဲ
့နီးနေတဲ့နေရာကို ရောက်နေတာပါလားလို့  တွေးနေစေချင်တယ်တဲ့ ... ပြီးတော့
သူဟာ အကောင်းမြတ်ဆုံးသော သစ်ပင်တစ်ပင်အနေနဲ့  လူတွေကို သတိရနေစေချင်တယ် တဲ
့.....
ဒီလိုနဲ့ သူတို့ တွေရဲ့ ဆန္ဒပြည့်ဝဖို့ ဆုတောင်းပြီးလို
့နှစ်အနည်းငယ်ကြာပြီးနောက်မှာဘဲ သစ်ခုတ်သမားအုပ်စုတစ်စုဟာ သူတို
့ကိုလာခုတ်ကြတယ်.... အဲဒီမှာ တစ်ယောက်က ပထမသစ်ပင်ဆီသွားပြီး ဒီသစ်ပင်ကတော့
ခိုင်ခံ့မယ့်ပုံဘဲ.. ဒီသစ်ပင်ရဲ့သစ်သားတွေကို လက်သမားဆီရောင်းရမယ်လို
့ပြောပြီး စတင်ခုတ်လိုက်တယ်..... သစ်ပင်ကြီးကပျော်သွားတယ်.. ဘာလို
့လဲဆိုတော့ လက်သမားကြီးကသူ့ ကို ရတနာသေတ္တာဖြစ်အောင်ပြုပြင်မယ်ဆိုတာ
သူသိနေလို့ ဘဲ.....
ဒုတိယသစ်ပင်ကိုကြည့်ပြီး သစ်ခုတ်သမားကြီးက ဒီသစ်ပင်လည်း ခိုင်ခံ့ပုံဘဲ...
သင်္ဘောတွေတည်ဆောက်တဲ့နေရာကိုသွားပြီးရောင်းရမယ်လို
့ပြောတယ်.....သစ်ပင်ကြီးကပျော်သွားတယ်.. ဘာလို့ လဲဆိုတော့ သူဟာ
အလွန်ခိုင်ခံ့တဲ့သင်္ဘောကြီးဖြစ်တော့မယ်ဆိုတာကို သူသိနေလို့ ဘဲ.....
သစ်ခုတ်သမားကြီးက တတိယသစ်ပင်အနားကိုလာတဲ့အခါမှာ သစ်ပင်ကြီးကလန်
့သွားတယ်.....ဘာလို့ လဲဆိုတော့ သူ့ ကိုခုတ်လိုက်ရင်သူ့ အိမ်မက်တွေ
ဖြစ်မလာနိုင်တော့ဘူးဆိုတာကို သူသိနေလို့ ဘဲ....သစ်ခုတ်သမားကြီးက
ဒီသစ်ပင်ကြီးဆီကဘာမှ ထွေထွေထူးထူးမလိုအပ်ဘူးဆိုတော့ အိမ်ကိုပဲယူသွားမယ်လို
့ဆိုပြီး
ခုတ်လှဲလိုက်တယ်.....
လက်သမားကြီးဆီရောက်သွားတဲ့ ပထမသစ်ပင်က တိရစ္ဆာန်တွေအစာစားတဲ့
စားခွက်ဖြစ်သွားတယ်.....
သူ့ ကိုစပါးကျည်ထဲမှာထားပြီး ကောက်ရိုးတွေထည့်တဲ့ခွက်အဖြစ်
သုံးတာကိုခံရတယ်...... သူ့ ရဲ့ ဆုတောင်းတွေဟာမပြည့်ခဲ့ပါဘူး....ဒီလိုပဲ
ဒုတိယသစ်ပင်ကလည်း ငါးဖမ်းတဲ့လှေကလေးဖြစ်သွားတယ်....
ရှင်ဘုရင်နဲ့ မိဖုရားကိုတင်ဆောင်နိုင်တဲ့သဘောင်္ကြီးဖြစ်ချင်တဲ့ သူ့ ရဲ
့ဆန္ဒဟာလည်း မပြည့်ဝခဲ့ရှာဘူး......တတိယသစ်ပင်ကြီးကတော့
အပိုင်းအကြီးကြီးပိုင်းဖြတ်ခံရပြီးတော့
အမှောင်ထဲမှာအထားခံရတယ်.......နှစ်တွေကြာလာတော့ သစ်ပင်ကြီးတွေကိုယ်တိုင် သူ
့ရဲ့ ဆန္ဒတွေကိုမေ့စပြုလာတယ်.......
တနေ့ မှာတော့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က
အဲ့ဒီနွားတင်းကုတ်ကြီးဆီကိုရောက်လာတယ်.....အမျိုးသမီးက ကလေး
လေးကိုမွေးဖွားသန့်စင်ပြီး ပထမသစ်ပင်ကြီးနဲ့ပြုလုပ်ထားတဲ့ နွားစားခွက်ထဲမှာ
ကလေးငယ်လေးကို
သိပ်ထားတယ်....... အမျိုးသားက ကလေးငယ်အတွက် အကောင်းဆုံးအိပ်ယာ အနေနဲ
ဒီနွားစားခွက်ကိုအသုံးပြုခဲ့တယ်........သစ်ပင်ကြီးက သူဟာဒီအဖြစ် အပျက်လေးရဲ
့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခွင့်ရတာကို
ခံစားမိပြီးအဖိုးတန်ဆုံးသောရတနာကို
ထွေးပိုက်ခွင့်ရတယ်ဆိုတာကိုသိလာတယ်.......နှစ်အနည်းငယ်ကြာပြီးတဲ့နောက်
ဒုတိယသစ်ပင်
နဲ့ ပြုလုပ်ထားတဲ့ ငါးဖမ်းလှေကလေးထဲမှာ လူတစ်စုရှိနေတယ်
......သူတို့ထဲကတစ်ယောက်ကအရမ်းမောပမ်းလို
့လှေကလေးထဲမှာအိပ်ပျော်နေခဲ့တယ်.....ရေလည်ကိုရောက်တဲ့အခါမှာအလွန်ပြင်းထန်တဲ့မုန်တိုင်း
ကြီးကြောင့်သစ်ပင်ကြီးကဒီတစ်ခါတော့သူ့ ရဲ့ လှေဝမ်းထဲမှာရှိနေတဲ့လူတွေကို
လုံခြုံအောင်မပို့ဆောင်နိုင်တော့ဘူးလို
့သူထင်မိတယ်......အဲ့ဒီမှာပဲအိပ်ပျော်နေတဲ့သူဟာနိုးထလာပြီးပြင်းထန်စွာတိုက်ခတ်နေတဲ့
မုန်တိုင်းကြီးကို
ငြိမ်သက်သွားစေတယ်.......အဲ့ဒီအချိန်မှာပဲသစ်ပင်ကြီးကသူဟာ ဘုရင်တကာတို
့ရဲ့ဘုရင်ကိုသူ့ ရဲ့ လှေကလေးထဲမှာသယ်ဆောင်ခဲ့တာကို သူသိလာတယ်.......
နောက်ဆုံးမှာတော့ လူတစ်ယောက်ဟာ
တတိယသစ်ပင်ကြီးကိုလာယူခဲ့တယ်......သူဟာလူတွေက၀ိုင်းဝန်းလှောင်ပြောင်နေတဲ့လူတစ်ယောက်ရဲ့သယ်ဆောင်
တာကိုခံရတယ်......သတ်မှတ်ထားတဲ့နေရာကိုရောက်တဲ့အခါမှာအဲ့ဒီလူကို
သူ့ အပေါ်မှာသံမှိုတွေနဲ့ရိုက်၊ အသေသတ်ပြီး
တောင်ကုန်းပေါ်မှာထောင်ထားလိုက်တယ်.......
တနင်္ဂနွေနေ့ ရောက်တဲ့အခါမှာတော့ သစ်ပင်ကြီးကသူဟာတောင်ကုန်းထိပ်မှာ
့ရပ်နိုင်လောက်အောင်ခိုင်ခန့်ပြီးဘုရားနဲ့ အနီးစပ်ဆုံးရှိနေတယ်ဆိုတာကို
သဘောပေါက်လာခဲ့တယ်..........ဘာလို့ လဲဆိုတော့သခင်ယေရှုဟာသူ့ အပေါ်မှာ
အသေသတ်ခြင်းခံရလို့ ပါပဲ......
ပုံပြင်လေးကတော့ဒါပါပဲကွယ်.............
ပုံပြင်လေးကဘာပြောသလဲဆိုတော့ ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါမှာဘုရားသခင်က
ကိုယ့်အတွက်အကြံအစည်ရှိပြီးသားဆိုတာကို အမြဲတမ်းသိနားလည်ထားရမယ်......သူ
့ကိုယုံကြည်မှုသာရှိခဲ့မယ်ဆိုရင်သူဟာအကောင်းဆုံးအရာကို တို
့ကိုပေးမှာဖြစ်တယ်........သစ်ပင်တစ်ပင်စီတိုင်းရဲ့အိမ်မက်တွေဟာ
မမျှော်လင့်တဲ့
နည်းလမ်းတွေနဲ့ ပြည့်ဝခဲ့တယ်......... ဘုရားသခင်က တို့ အတွက်ဘယ်လိုအကြံ
အစည်ရှိတယ်ဆိုတာကိုတွေဟာအမြဲမသိနိုင်ဘူး........ငါတို့ သိရမှာက ဘုရားသခင်ရဲ
့
နည်းလမ်းဟာငါတို့ ရဲ့ နည်းလမ်းမဟုတ်တဲ့အကောင်းဆုံးသော နည်းလမ်းဆို
တာကို ပါပဲ......
Trees That Wood ဆိုတဲ့ ပုံပြင်လေးကို ဆီလျှော်အောင် ဘာသာပြန်ထားတာပါ.....
ဖတ်မိတဲ့ သူငယ်ချင်းများအားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ......
with love,
Snow

No comments:
Post a Comment