Thursday, June 30, 2011

ပညာရှိလယ်သမားကြီးနဲ့ သူ၏မြည်းအို...

တနေ့ မှာလယ်သမားတစ်ယောက်ရဲ့ မြည်းအိုတစ်ကောင်ဟာ ရေတွင်းဟောင်းတခုထဲကိုကျသွားခဲ့ တယ်... မြည်းအိုကြီးဟာသနားစရာကောင်းလောက်အောင်အတော်ကြာအော်နေရှာတယ်... လယ်သမားကြီးကလည်းမြည်းအိုကြီးကို ဘယ်လိုကယ်ရမလဲဆိုတဲ့ နည်းလမ်းကိုရှာဖွေနေသတဲ့ ... နောက်ဆုံးမှာတော့ ဒီရေမရှိတော့တဲ့ ရေတွင်းကနေ ဒီမြည်းအိုကိုကယ်ထုတ်ဖို့ ဟာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ မြည်းကလည်းအိုနေပြီဆိုတော့ ကယ်ဖို့ လည်းမတန်ပါဘူးလို့ သူဆုံးဖြတ်လိုက်သတဲ့ ... ဒါနဲ့ ဘဲ လယ်သမားကြီးဟာသူ့ အိမ်နီးနားချင်းတွေကို ရေတွင်းကိုကူဖို့ ဖို့ အကူအညီတောင်းလိုက်တယ်... လယ်သမားကြီးရဲ့ အိမ်နီးချင်းတွေဟာလည်း အားလုံးလာကြပြီးသမှိုက်သရိုက်တွေနဲ့ ရေတွင်းထဲကိုဝိုင်းဖို့ ကြတယ်...


ပထမမှာတော့ မြည်းအိုကြီးဟာ သနားစရာကောင်းလောက်အောင်ဆိုးဝါးစွာအော်နေတာပေါ့... တဖြည်းဖြည်းနဲ့ မြည်းအိုကြီးဟာ အော်သံတိတ်သွားပြီး ပျော်ရွှင်နေသယောင်ဖြစ်တာကို လယ်သမားကြီးနဲ့ သူ့ အိမ်နီးချင်းတွေဟာအံ့သြစွာတွေ့ နေရတယ်... အမှိုက်သရိုက်တွေတဖြည်းဖြည်းပုံလာတဲ့ အချိန်မှာလယ်သမားကြီးက ရေတွင်းထဲကိုငုံ့ ကြည့်လိုက်တဲ့ အခါ သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်သူအရမ်းကိုအံ့သြသွားတယ်... ဘာလို့ လဲဆိုတော့ မြည်းအိုကြီးဟာ သူ့ အပေါ်ကျလာတဲ့ အမှိုက်သရိုက်တွေကို ကြိုးစားပြီးခါထုတ်ပြီး သူကတော့ အမှိုက်ပုံကြီးရဲ့ အပေါ်မှာရပ်နေတာကို လယ်သမားကြီးတွေ့ လိုက်ရလို့ ပါဘဲ...

ဒါနဲ့ ဘဲ လယ်သမားကြီးနဲ့ သူ့ အိမ်နီးချင်းတွေက အမှိုက်သရိုက်တွေကို တတ်နိုင်သမျှ ရေတွင်းထဲကိုပစ်ကြတယ်.. မြည်းအိုကြီးကလည်းတတ်နိုင်သမျှ အဆက်မပြတ်ခါခါချနေတာပေါ့... သိပ်မကြာခင်မှာဘဲ မြည်းအိုကြီးဟာ ရေတွင်းဝနားကိုရောက်ပြီးနောက်ဆုံးမှာတော့ အပြင်ကိုပြန်ပြီးခုန်ထွက်နိုင်ခဲ့ တယ်....

ဒီပုံပြင်ကဘာကိုဖော်ပြနေသလဲဆိုတော့ ဘ၀မှာအမှိုက်သရိုက်နဲ့ တူတဲ့ အခက်အခဲတွေရှိမှာအသေအချာပါဘဲ... ဒါပေမယ့် ဒီအမှိုက်တွေကိုအဆက်မပြတ်ခါချပြီး ဒီအမှိုက်ပုံပေါ်မှာ ရပ်နေနိုင်ဖို့ လိုအပ်ပါတယ်.. ဒီလိုဖြစ်ဖို့ ဆိုတာလဲ ဥာဏ်ရှိရှိနဲ့ စဉ်းစားဆုံးဖြတ်ပြီးကျော်လွှားဖို့ အရေးကြီးပါတယ်... အနက်ဆုံးဒုက္ခတွင်းထဲကို ကျခဲ့ရင် လက်မြောက်အရှုံးပေးဖို့ ထက် ဒီဒုက္ခတွေကိုခါချပြီးအပေါ်တက်နိုင်မယ့်လှေကားထစ်အဖြစ် ပြောင်းလဲအသုံးပြုဖို့ ရန်သာလိုအပ်ပါတယ်...

Wise Farmer's Donkey ကိုဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်..

ချစ်ခြင်းမေတ္တာဖြင့်
စနိုး

No comments:

Post a Comment